Home About FAQs Agents EN | MM
အာဏာရှင်နိဂုံး
ဝယ်ယူခြင်း ကန့်သတ်ချက်ဆိုင်ရာ မေးခွန်းများ

ဝယ်ယူသူသည် မြန်မာနိုင်ငံသား ဖြစ်ရန်လိုအပ်ပါသလား

မလိုအပ်ပါ။

တစ်ယောက်ချင်း ဝယ်ယူနိုင်မည့် အစု ရေ ကန့်သတ်ချက် ရှိပါသလား

မရှိပါ။

အနည်းဆုံး နှင့် အများဆုံး ဘယ်လောက်အထိ ဝယ်ယူနိုင်ပါသလဲ

အစုယူနစ် တစ်ခုကို 100 USD သတ်မှတ်ထားပြီး အစု အရေအတွက်လိုက် စတော့ ရှိသလောက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

အစု ဝယ်ယူခြင်းနည်းလမ်းဆိုင်ရာ မေးခွန်းများ

ဘယ်လို ဝယ်ယူနိုင်ပါသလဲ

နီးစပ်ရာ ရန်ပုံငွေအဖွဲ့များ (သို့) United Bond အေးဂျင့်များမှ တဆင့် ဆက်သွယ် ဝယ်ယူနိုင်ပါသည်။ ယုံကြည်စိတ်ချရသော ထိုအဖွဲ့အများကိုလဲ Facebook ပေ့ချ်နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် အချိန်နှင့် အမျှ ဖော်ပြသွားမှာ ဖြစ်ပါသည်။"

ဝယ်ယူရန် ဘာတွေ လိုအပ်ပါသလဲ

နာမည်ဝှက်၊ ကိုယ်တိုင် ပိုင်ဆိုင်သော Email နှင့် ကိုယ်ရေးအချက်အလက် အစိတ်အပိုင်း တစ်ချို့သာ လိုအပ်ပါသည်။

ဘဏ်အကောင့် သို့ အကြွေးဝယ်ကဒ်ဖြင့် ဝယ်ယူနိုင်ပါသလား

မရသေးပါ။ ဝယ်ယူရနိုင်ပါက သက်ဆိုင်ရာ ဖေ့စ်ဘုတ်စာမျက်နှာ နှင့် ဝက်ဘ်ဆိုက်များမှ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

ပိုက်ဆံလွှဲပြီးသည့်အခါ ဝယ်ပြီးကြောင်း ဘယ်လိုသိနိုင်မလဲ

Official Fundraiser သို့မဟုတ် Bond Agent များထံသို့ ပိုက်ဆံပေးပြီး မိနစ် ပိုင်းမှ တရက် အတွင်း NUG မှ ပြေစာ ပါဝင်သော Email တစ်စောင် လက်ခံရရှိမည်ဖြစ်ပါသည်။ မရပါက မိမိ အရောင်းကိုယ်စားလှယ်သို့ ချက်ခြင်း အကြောင်းကြားရန် လိုအပ်ပါသည်။

Refund Policy ရှိပါသလား

မရှိပါ။ သို့သော် အစု ဝယ်ယူပြီးမြောက်ပါက ချမှတ်ထားသော နည်းလမ်းများအတိုင်း အခြားသူထံ ပြန်လည်ရောင်းချနိုင်ပါမည်။

ခွဲခြမ်းထားသော အစုများအနက် ကိုယ်ကြိုက်နှစ်သက်ရာ အစုကို ရွေးချယ်၍ ရပါသလား

မရပါ။ ပိုင်ဆိုင်မှု တစ်ခု၏ အစု အားလုံးသည် ကွဲပြားမှုမရှိ ၊ တန်ဖိုးတူညီပါသည်။

အစု ပြန်သွင်းခြင်း နှင့် လွှဲပြောင်း ရယူခြင်းဆိုင်ရာ မေးခွန်းများ

တော်လှန်ရေး မအောင်ခင် ပြန်ရောင်းနိုင်ပါသလား ဘယ်လို ရောင်းနိုင်ပါသလဲ

ရောင်းနိုင်ပါသည်။ ပြန်လည်ရောင်းချ နိုင်မည့် နည်းလမ်း အသေးစိတ် အချက်အလက်များကို မကြာမီ ကြေငြာ ပေးပါမည်။

တော်လှန်ရေး အောင်မြင်ပြီးပါက ဝယ်ယူထားသော အစုများကို ဘယ်လို ပြန်သွင်းယူနိုင်ပါသလဲ

အသေးစိတ်ကို ပြန်လည် ကြေငြာ သွားပါမည်။

အစု ပြန်သွင်းရန် ဘာတွေ လိုမလဲ

ဝယ်ယူစဥ်က အတည်ပြုခဲ့သည့် Email ပိုင်ရှင် ဖြစ်ရန်သာ လိုအပ်ပါသည်။ ၎င်း Email လိပ်စာကို လုံခြုံစွာ သိမ်းဆည်းထားရန် လိုအပ်ပါသည်။

ပိုင်ဆိုင်မှု ထိန်းသိမ်းခြင်း ဆိုင်ရာ မေးခွန်းများ

Email ပျောက်သွားလျှင် ဘယ်လို လုပ်မလဲ

Email သည်သာ သင်၏ တစ်ခုတည်းသော ပိုင်ဆိုင်မှု အထောက်အထားဖြစ်ပါသည်။ ပိုင်ဆိုင်မှု အလွှဲအပြောင်း လုပ်လိုသည် ဖြစ်စေ ၊ ရောင်းချလိုသည်ဖြစ်စေ ၊ ၎င်း Email ဖြင့်သာ အတည်ပြုနိုင်မည် ဖြစ်သည့် အတွက် လုံခြုံစွာ သိမ်းဆည်းထားရန် လိုအပ်ပါသည်။

Email ပြောင်းလို့ရပါသလား

ပြောင်း၍ မရပါ။

Email password မေ့သွားတယ် Receipt email screenshot ရှိတယ် ပြန် claim လို့ ရလား

မရပါ။

Email ပျောက်သွားလျှင် ရှယ်ယာလွှဲပြောင်းခွင့် မရှိတော့သည့်အတွက် ရှယ်ယာကို ဆုံးရှုံးသွားပြီလား။

Email ပျောက်ဆုံးပါက တော်လှန်ရေးကာလ အလွန်တွင် မိမိကိုယ်တိုင်ကိုယ်ကျ အချက်အလက် အပြည့်အစုံဖြင့် ပြန်လည် ရယူနိုင်ရန် စီစဉ်ပေးမည် ဖြစ်ပြီး မသမာသူလက်ထဲ Email ရောက်ရှိ၍ နည်းလမ်းအမျိုးမျိုးဖြင့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းခံရပါက Email ပျောက်ဆုံးသူ မူလပိုင်ရှင်၏ တာဝန်သာဖြစ်သည်။

အခြား မေးခွန်းများ

အာဏာရှင်နိဂုံးရဲ့ logo က ဘာအဓိပ္ပာယ် ဆောင်လဲ

ကမ္ဘာမြေပုံကို နောက်ခံထားပြီး လက်ထိပ်ဖျက်ချိုးနေသည့် EOD logo မှာ တစ်ကမ္ဘာလုံးရှိ အာဏာရှင် စနစ်အကုန်လုံးကို ဆန့်ကျင်ပြီး အာဏာရှင်၏ နှောင်ကြိုးကို ရဲရဲဝံ့ဝံ့ ဖျက်ချိုးလိုသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ပါသည်။